Monday, January 6, 2014
ကယ်လီဖိုးနီးယားတွင်တွေ့ရသောစက်ဝိုင်းမှာ သဘာဝလွန်ဖြစ်ရပ်မဟုတ်
              ကယ်လီဖိုးနီးယားပြည်နယ် ဆာလီနက်မြစ်ဝှမ်းဒေသမှာရှိတဲ့ လယ်ယာခင်းတစ်ခုမှာ တွေ့ရှိခဲ့ရတဲ့ ထူးဆန်းတဲ့စက်ဝိုင်းကြီးဟာ မှော်အတတ်နဲ့ဖန်တီးခြင်းလည်း မဟုတ်သလို ဂြိုဟ်သားများလာရောက်ပြုလုပ်သွားခြင်းလည်းမဟုတ်ကြောင်းသိရသည်။
               အဆိုပါအရာသည် Automobile, Tablets, Cell Phones များတွင်အသုံးပြုခဲ့သည် NIVIDA ၏ Mobile Processor နှင့်ပတ်သတ်၍
ပြည်သူလူထုကိုဆွဲဆောင်နိုင်စေရန် ပြုလုပ်ထားခြင်းဖြစ်ကြောင်း NIVIDA ၏ အထွေထွေအမှုဆောင် Jen-Hsun Huang မှပြောကြားခဲ့သည်။
                   "ဒီဟာက ထူးဆန်းတဲ့ဖြစ်စဉ်တစ်ခုမဟုတ်ပါဘူး။ ဒီဖြစ်စဉ်ရဲ့နောက်ကွယ်မှာ NIVIDA Marketing အဖွဲ့ရှိနေပါတယ်" ဟုလည်းပြောကြားသွားခဲ့သည်။
                         ဂြိုဟ်သားအယူအဆများကိုလေ့လာသူများက ယာခင်းအတွင်းရှိထူးဆန်းစွာ အလိုအလျောက်ပေါ်လာသောစက်ဝိုင်းများကို ယခင်ကဂြိုဟ်သားများဟာ ဖန်တီးနိုင်သည်၊ မှော်ပညာရှင်များသာ စွမ်းအင်တောင်းခံရန်ပြုလုပ်နိုင်ကြသည်ဟု သိထားကြသော်လည်း နည်းပညာကုမ္ပဏီ၏ဖန်တီးမှုမှာ ယခုပထမဆုံးအကြိမ်ပင်ဖြစ်ကြောင်းသိရပါသည်။
Myanmar Magia Times
0 comments:
Post a Comment